Blogroll

Total Pageviews

Powered by Blogger.

Followers

Contributors

Partition တွေကို GPT type ကနေ MBR ပြောင်းပြီး window 2 ခု install လုပ်လို့ရအောင် လုပ်နည်း(၂) Third Party software ဖြင့်

ဒါလေးကတော့ Third party software နဲ့ GPT partition တွေကို MBR ပြောင်းတဲ့ ဒုတိယ နည်းပါ..
(ဒါကပိုလွယ်ပါတယ် software ကို မဒေါင်းချင်ရင် cmd နဲ့ သွားလိုက်ပါ...)
ကဲအရင်ဆုံး software ကို ဒေါင်းလုပ်ဆွဲလိုက်ပါ....

Download AOMEI 

Download Demo ဆိုတာလေးကို နှိပ်ပြီး download ယူနိုင်ပါတယ်.
ပြီးရင် ဖွင့်လိုက်ပါ....
အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်...
ပြထားတဲ့အတိုင်းဆက်သွားလိုက်ပါ.....
ဒါကတော့ ကျနော့်ရဲ့ partition size ပါ...



ပြီးရင် rick click နဲ့ခေါ်လိုက်ပါ...
coverty to MBR disk ကို ရွေးပေးပါ..



questions တစ်ခုတက်လာပါလိမ့်မယ်... Ok ပဲ ထပ်ရွေးပေးပါ..



ပြီးတာနဲ့ menu ကို သွားပြီး apply ဆိုတာလေးကို နှိပ်ပေးပါ...
ထပ်မေးလိမ့်မယ် proceed ကို နှိပ်ပေးပါ...



ဒီဆော့ဝဲမှာ လုပ်လို့ရတာအများကြီးကျန်ပါသေးတယ်....
FAT/FAT 32 to NTFS ,  migrate OS to SDD ,
နောက်ထပ်လည်း ရှိပါသေးတယ် ကလိသာကြည့်ကြပါတော့ဗျာ...
အရမ်းကို အသုံးဝင်တဲ့ software လေးတစ်ခုဆိုလည်း မမှားပါဘူး..

ကျေးဇူးတင်ပါတယ်ဗျာ..




Min Oke Kar (ဘီလူးကျွန်းသားလေး)

Partition တွေကို GPT type ကနေ MBR ပြောင်းပြီး window 2 ခု install လုပ်လို့ရအောင် လုပ်နည်း(၁) CMD ဖြင့်

ဒါလေးကတော့ ကျနော်လက်တွေ့ကြုံဖူးတဲ့ ပြသနာမို့ ညီအကိုတို့ ဖြေရှင်းတတ်အောင် တင်ပေးလိုက်ပါတယ်..
တစ်ခါတစ်လေမှလည်း ပါတတ်တာပါ..
laptop တစ်လုံး ဆိုင်ကနေ ၀ယ်လာပြီး
window 2 ခု တင်လို့မရအောင် company ကနေ
partition တွေကို GPT type ပြောင်းထားတာမျိုးလေးပေါ့....
ကျနော်တို့ window 2 ခု Insatll လုပ်ချင်တာပဲ ဖြစ်ဖြစ် ရှိနေတဲ့ window ပျက်သွားလို့ ပြန်တင်ချင်တာပဲဖြစ်ဖြစ် partition type က GPT ဖြစ်နေရင်
insatall လုပ်လို့ မရပါဘူးးး
ဒါကြောင့် မို့ ဆိုင်ကနေ laptop တစ်လုံးဝယ်လာပြီဆိုရင်
ကိုယ့် laptop ရဲ့ partition က ဘာအမျိုးအစားလဲ ဆိုတာကို
ကြည့်ထားသင့်တယ်ထင်တယ်ဗျာ...
ဒါမှ လုပ်သင့်တာလုပ်ထားရအောင်လို့ပါ......
window ကျသွားပြီး ပြန်တင်ခါမှ GPT type ဖြစ်နေရင်
partition ကို ပြန်ဖျက် အသစ်ပြန်လုပ်မှ ရမှာမို့ပါ..
တစ်ခါ အထဲက data တွေက ကိုယ့်အတွက် အရေးကြီးရင်
window clone လုပ်ပြီး ပြန်ယူရပြန်ရော....
ကဲလေကြောနည်းနည်းရှည်သွားပြီ စရအောင်..

လုပ်နည်း( ၁) ... (window အပြင်ဘက်မှ လုပ်နည်း , cmd ဖြင့်)

ပထမဦးဆုံး ကျနော်တို့ laptop (or) dastop တွေရဲ့ boot key ကို ခေါ်ပြီး
window install လုပ်တဲ့ interface ဆီကို window 7 ခွေနဲ့ဝင်သွားလိုက်ပါ
 (ဘယ် window တင်တဲ့ခွေဖြစ်ဖြစ်ရပါတယ်)
ပြီးရင် Shift+F10 ကို နှိပ်ပြီး command prompt ကို ခေါ်လိုက်ပါ...
ပြီးရင် ''Diskpart'' လို့ ရိုက်ထည့်ပါ........(တခြား ဘာစာသားမှ မပါပါစေနဲ့)
ok ပြီးရင် enter ခေါက်ပါ..
ပြီးရင် ''list disk'' လို့ရိုက် enter ခေါက်ပီး hard disk ကို အရင် စစ်ဆေးကြည့်ပါ .......
ပြီးရင် ''select disk 0'' ရိုက် enter ခေါက်ပြီး ''clean'' ကို နှိပ်ပါ..
ပြီးရင် disk ကို mbr type ပြောင်းရပါ့မယ်.....
''convert mbr'' လို့ ရိုက်ထည့်ပါ.....(GPT type ကနေ MBR type ပြောင်းသွားပါလိမ့်မယ်)
ကျနော်တို့ window တင်မယ့် partition က MBR type ဖြစ်နေမှ windwo 2 ခု Install လုပ်လို့ရမှာပါ..
(တစ်ခုသတိပေးချင်တာလေးကတော့ GPT ကနေ MBR ပြောင်းတဲ့အခါ ကိုယ့်အထဲမှာ ရှိတဲ့ data တွေအကုန်ပျက်မှာပါ..
ဒီတော့ convert မလုပ်ခင် disk မှာ ရှိသမျှ ကိုယ်လိုချင်တဲ့ data တွေကို ext hardisk မှာ ပြောင်းထည့်ထားလိုက်ပါ)
ကဲ ပြောင်းလို့ ပြီးသွားပြီဆိုရင်တော့ partition တွေကို create လုပ်ပါ့မယ်...
''create partition primary size=xxxx'' (xxx.. ကတော့ ကြိုက်သလောက်ရိုက်ထည့်ပါ)
enter ရိုက်ပါ...
''format fs=ntfs quickly'' လိုက်ထပ်ပြီးရိုက်ထည့်ပါ.. ဒါကတော့ disk ကို NTFS ပြောင်းတဲ့နည်းပါ...
ပြီးရင် ''exit'' လို့ရိုက်ပြီး ထွက်လိုက်ပါ....
ကွန်ပျူတာကို restart ချပြီး window ကို ပုံမှန်အတိုင်းပြန်တင်နိုင်ပါပြီ....

ဖတ်ရှုပေးတဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...
('' -- '' အထဲရှိ စာသားများ cmd ထဲတွင် ရိုက်ထည့်ပြီး enter ခေါက်ရမည့် စာသားများဖြစ်သည်.)






Min Oke Kar (ဘီလူးကျွန်းသားလေး)နည်းပညာ

notepad ဖြင့် ကွန်ပျူတာIP address ကြည့်နည်း




Notepad နဲ့ ပေါ့ ကိုယ်စက်ရဲ့  IP address ကိုကြည်လိုရတဲ့ ကုင်္ဒလေးပါ။
Notepad ကို ဖွင့်လိုက်ပါပြီးရင်

@echo.

@echo IP For Technology Pass Computer.

@echo By:kolin



@ipconfig/all | find "IP Address"

@ipconfig/all | find "Subnet Mask"

@ipconfig/all | find "Default Gateway"

@ipconfig/all | find "Host Name"

@ipconfig/all | find "DNS Suffix Search List"

@ipconfig/all | find "Physical Address"

@ipconfig/all | find "DHCP Enabled"

@ipconfig/all | find "DHCP Server"

@ping 127.0.0.1

@echo.

@pause

save ကိုတော့ name.bat နဲ့  save ပေးရပါမယ် ။
သိမ်းမဲ့နေရာလေးလည်းမှတ်ထားဦးနော်..
အားလုံးပဲအဆင်ပြေပါစေခင်ဗျာ..




Min Oke Kar (နည်းပညာမှတ်စု)
    www.minokekar.com

သူ့ Gmail ကို သိရုံနဲ့ သူနေတဲ့ နိုင်ငံ . IP ကို သိအောင်လုပ်မယ်..

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ  ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။  ပထမဆုံးတစ်ခု  က Spypig ပါ။
၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/   ကိုသွားလိုက်ပါ။
၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
၃ ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp   ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။


credit>> SMIT


အဆင်ပြေပါစေ.....

Min Oke Kar

ဝန်ခံခြင်း

site ကိုလာလည်ကြသော မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ...
ဒီ site လေးနဲ့ ပတ်သက်ပြီး ကြိုပြီးဝန်ခံထားပါရစေ...
ဒီsite မှာ တင်ထားသမျှ post တွေအကုန်လုံးနီးပါးကတခြား Myanmar Hacker site များမှ copy ကူးယူထားခြင်းဖြစ်ပြီးဒီsite ကိုထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်လည်း နည်းပညာတွေကိုလ့လာနေဆဲ ဖြစ်တာနဲ့အညီ ကျွန်တော့်လိုဝါသနာတူတဲ့ မိတ်ဆွေ သူငယ်ချင်းညီအကို မောင်နှမများလည်း ရှိမှာပါ ..ဒါကြောင့် ကျွန်တော်လည်း လေ့လာရင်း ဝေမျှရင်း ဒီ Site ကိုထောင်ခဲ့တာပါ ဒါကြောင့် post နဲ့ပတ်သက်ပြီးဝေဖန် စရာများရှိရင်တော့ အရင်ရေးခဲ့တဲ့ Pulblisherကိုမေးကြည့်မှ ရမှာပါ....
နောက်ပြီး ကျွန်တော် copy လုပ်ခဲ့တဲ့ post ရဲ့ အောက်မှာလည်း post ရေးသားခဲ့တဲ့သူကို creditပေးမှာဖြစ်ပါတယ်..အဓိကရည်ရွယ်ချက်လေး ကတော့Mynmarလိုရေးထားတဲ့ တန်ဖိုးရှိတဲ့နည်းပညာပိုင်းရဲ့ အားနည်းချက်တွေကိုတစ်စုတစ်စည်းတည်း တစ်နေရာတည်းမှာ လေ့လာနိုင်ရအောင်လို့ပါ... ကျေးဇူးတင်ပါတယ်ခင်ဗျာ.........